Saturday, November 14, 2009

ငါ ချစ်လျှက်နေဆဲပါ

ဒီနေ၇ာလေး မင်းပြန်မလာတော့မှာ သိသားလဲ


ငါစောင့်မျှော်နေဆဲပါ.....


ဒီကော်ဖီတစ်ခွက် မင်းအတူမသောက်နိုင်မှန်း သိသားလဲ


ငါဖျော်ထားဆဲပါ.....


ဒီညထဲ မင်းမ၇ှိမှန်းသိသားလဲ


ငါမှန်းဆ တမ်းတ နေဆဲပါ.....


ဒီနှလုံးသား မင်းမချစ်မှန်း သိသားလဲ


ငါချစ်လျှက်နေဆဲပါ.....ငါချစ်လျှက်နေဆဲပါ.....။.....။

Tags: လမင်းသိုက်

ကျေးဇူးပြုပြီး.....ငါ့ ကို

ကျေးဇူးပြုပြီး ငါ့ကိုမေ့ပြစ်လိုက်ဖို့ မပြောခဲ့ပါနဲ့
င့ါအနာဂတ်တွေမှာ မင်းမ၇ှိပေမဲ့ မင်းကိုချစ်ခဲ့ဖူးတဲ့
နှလုံးသားတစ်ခုနဲ့ ၇ှင်သန်နေချင်လို့ပါ…..

ကျေးဇူးပြုပြီး ငါ့ကိုစာနာမူ့တွေမပေးခဲ့ပါနဲ့
ငါနောက်ဘ၀တွေထိ မင်းကို သတိ၇
တမ်းတ မျှော်လင့်မိနေမှာကြောက်လို့ပါ…..

ကျေးဇူးပြုပြီး ငါ့ကိုမင်းနဲ့၇ှိခဲ့ဖူးတဲ့
အတိတ်မှာပဲ ရှင်သန်ခွင့်ပေးပါ မင်းမရှိတဲ့
အနာဂါတ်တစ်ခုကို ငါမလျှောက်လှမ်းချင်လို့ပါ…..

ကျေးဇူးပြုပြီး ငါ့ကိုပြုံးပြခဲ့ပေးပါ
မင်းအပြုံးက ငါ့ကြေကွဲမူ့အတွက်ပေးတဲ့နှစ်သိမ့်ဆု
ဖြစ်ပေမဲ့ ငါ့အတွက်တော့ အလိုချင်ဆုံးဆုတစ်ခုဖြစ်လို့ပါ…..

ကျေးဇူးပြုပြီး ငါ့ကိုနူုတ်ဆက်မသွားပါနဲ့
ငါ့ကိုမင်းချန်ထားခဲ့တယ်လို့ မခံစားနိုင်လို့ပါ….. ။ ။


နှလုံးသားမိုက်

မင်းငါ့ကို ထားသွားခဲ့တာကြာပေမဲ့
ငါ့အချစ်တွေက အသက်ဝင်၇ှင်သန်နေသေးတယ်…..

ငါမင်း ကိုမေ့ပြစ်သင့်တာ ကြာပေမဲ့
အမှတ်တ၇များစွာက ပြန်တမ်းတမိနေသေးတယ်…..

ငါမင်းကို နာကျည်း မုန်းမေ့သင့်ပေမဲ့
စာနာ နားလည် ခွင့်လွတ်မိနေသေးတယ် …..

မင်းအကြောင်းဒိုင်ယာရီ
အဆုံးသတ်သင့်တာကြာပေမဲ့၇င်ထဲက
ခံစားချက်များစွာဖြင့် အသက်သွင်းမိနေသေးတယ်…..

ငါမင်းကိုမချစ်သင့်တာသိပေမဲ့
င့ါနှလုံးသားမိုက်က ဇွတ်မိုက်မိနေသေးတယ်
သြော် ……ဇွတ်မိုက်မိနေသေးတယ်…… ။ ။


Songs

အဖြူရောင်သံစဉ် ရေဒီယို